Cost-Based Price Calculator ဆိုတာဘာလဲ?
Product တစ်ခုချင်းစီ၏ အမှန်တကယ်ကုန်ကျစရိတ်နှင့် သင့်တော်သော ရောင်းဈေးကို Ayar POS ပေါ်တွင် အလွယ်တကူ တွက်ချက်သတ်မှတ်နိုင်သော Function။

Cost-Based Price Calculator သည် Product တစ်ခုချင်းစီ၏ အမှန်တကယ်ကုန်ကျစရိတ်နှင့် သင့်တော်သော ရောင်းဈေးကို Ayar POS ပေါ်တွင် အလွယ်တကူ တွက်ချက်သတ်မှတ်နိုင်သော Function တစ်ခုဖြစ်ပါသည်။
ကုန်ပစ္စည်း၏ ဝယ်ဈေးအပြင် ပို့ဆောင်ခ၊ အခွန်၊ ထုပ်ပိုးခနှင့် အခြားဆက်စပ် Expense များကိုပါ ထည့်သွင်းတွက်ချက်နိုင်သောကြောင့် Product တစ်ခု၏ ကုန်ကျစရိတ်အမှန်ကို ပိုမိုတိကျစွာ သိရှိနိုင်ပါသည်။
တွက်ချက်ရရှိသော Cost ပေါ်မူတည်၍
- Retail Price
- Wholesale Price
- မိမိလုပ်ငန်းအလိုက် ဖန်တီးထားသော အခြား Price Group များ
ကို သီးခြားသတ်မှတ်နိုင်ပါသည်။
ပြင်ပ Calculator သို့မဟုတ် Excel အသုံးပြုစရာမလိုဘဲ Ayar POS ပေါ်တွင် တစ်နေရာတည်းမှ Cost နှင့် ရောင်းဈေးများကို စနစ်တကျတွက်ချက်နိုင်သောကြောင့် ဈေးနှုန်းသတ်မှတ်ရာတွင် အမှားအယွင်းများကို လျှော့ချပြီး လိုချင်သော အမြတ်နှုန်းကို ပိုမိုတိကျစွာ ထိန်းချုပ်နိုင်ပါသည်။
