Ayar POS အကြောင်း

Ayar POS ဆိုတာဘာလဲ?

လုပ်ငန်းများ၏ နေ့စဉ်အရောင်းနှင့် စာရင်းပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို လွယ်ကူမြန်ဆန်စွာ စီမံခန့်ခွဲနိုင်ရန် ဖန်တီးထားသော စနစ်။

Ayar POS ဆိုတာဘာလဲ?

Ayar POS ဆိုတာက လုပ်ငန်းများရဲ့ နေ့စဉ်အရောင်းနှင့် စာရင်းပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို လွယ်ကူမြန်ဆန်စွာ စီမံခန့်ခွဲနိုင်ရန် ဖန်တီးထားသော အရောင်းနှင့် လုပ်ငန်းစီမံခန့်ခွဲမှုစနစ်တစ်ခု ဖြစ်ပါသည်။

Ayar POS ကိုအသုံးပြု၍ အရောင်းစာရင်းများ၊ ကုန်ပစ္စည်းနှင့် Stock လက်ကျန်များ၊ အဝယ်စာရင်းများ၊ Customer နှင့် Supplier အချက်အလက်များ၊ ရရန်ငွေနှင့် ပေးရန်ငွေများကို တစ်နေရာတည်းမှ စနစ်တကျ စီမံနိုင်ပါသည်။ ထို့အပြင် လုပ်ငန်း၏ အရောင်းအခြေအနေ၊ အမြတ်အစွန်းနှင့် Stock အပြောင်းအလဲများကို Report များမှတစ်ဆင့် အလွယ်တကူ ကြည့်ရှုနိုင်ပါသည်။

Ask Ayar AI ပါဝင်သောကြောင့် မိမိဆိုင်၏ အရောင်း၊ Stock၊ အဝယ်၊ ရရန်ငွေနှင့် ပေးရန်ငွေတို့ကို စကားပြောသကဲ့သို့ မေးမြန်းပြီး လိုအပ်သောအချက်အလက်များကို လျင်မြန်စွာ ရှာဖွေနိုင်ပါသည်။

Ayar POS သည် လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုမြန်ဆန်စေပြီး အမှားအယွင်းများကို လျှော့ချကာ လူကြီးမင်းတို့ရဲ့ လုပ်ငန်းအခြေအနေကို တိကျစွာ သိရှိနိုင်စေသော ယုံကြည်စိတ်ချရသည့် Software တစ်ခု ဖြစ်ပါသည်။